Apple iPhone ဖုန်းအတုနဲ့ အစစ် ခွဲခြားနည်း

Apple iphone ဖုန်းအတုနဲ့ အစစ်

နယ်စပ်လမ်းကြောင်းတွေကနေ ဈေးအကြီးဆုံး Apple iphone အိုင်ဖုန်းအတုတွေ ၀င်လာနေလို့ အတုနဲ့ အစစ်ရဲ့  အခြေခံသဘောသဘာဝ ကို သိရအောင်ပါဗျာ။ 
ဖုန်းနောက်ပိုင်းဆေးသားက စီရီးနံပါတ်တွေကို အွန်လိုင်းမှာရိုက်ကြည့်ဖို့ အက်ပဲစတိုးသွားဘာကိုနှိပ်ကြည့် ဘာညာဆိုတာ ပညာရှင် လိုင်းတွေ ထားတော့ဆရာကြီးတွေအပိုင်းပါဗျာ ။သာမန်လူတွေ ကြည့်တတ်အောင်ပြပေးတာနော်

ဖုန်းတွေ ရဲ့ ဘူးခွံတွေကို မကြည့်ပါနဲ့ ဗျာ ခွဲမရေအောင်တုထားလို့ ပါ၊

ဖုန်းအစစ်နဲ့ အတုရဲ့  ဖုန်းမျက်နှာပြင်ကစကြည့်ရအောင် ။
အစစ်က မှန်မျက်နှာပြင် ကြည်လင်ပြတ်သားပြီး မဲမှောင်နေတာတွေ့ရမယ် အတုကတော့ဖြူဖြူကြီးဗျ။အပေါ်ကဖုန်းထားတဲ့ ပလတ်စိတိတ်ပြားကို ခွာကြည့်လည်း မျက်နှာပြင်မကောင်းဘူး ။(ဓါတ်မှန် ဖလင်သားကဲသို့ )

ကင်မရာရဲ့ အရေအသွေး အတော်ကွာတာ အစစ်က ကင်မရာအတွင်းသားဟာ အသေစိတ် လုပ်ထားတော့ အတွင်းမှာဆောင်းဘောက်ဘူးအတွင်းသား ကိုကြည့်ရသလို အထပ်လေးတွေရှိတယ်၊ အတုကတော့ အတွင်းကင်မယာသားက မဲမဲကြီးရယ်၊ အတုနဲ့ ရိုက်ပြီး ပြန်ကြည့်လိုက်ရင်
ပုံရဲ့ ဆေးသားကမကြည်လင် မပြတ်သားဘူး နောက်အသံဗျာ အတုရဲ့ သီချင်းအသံတွေက ဖုန်းအသံကျယ်လိုက်တာနဲ့  အက်ကွဲနေသလို့  စူးရှရှ အသံထွက်လာမယ်။

ဖုန်းဘက်ထရီ အားသွင်းကြိုး ထိုးတဲ့နေရာကို ကြည့်ရအောင် အစစ်ကြိုးပေါက်က လိုင်းအထပ်တွေမပါဘူး အတုက အပေါက်နေရာမှာ လေးထောင့်လိုင်းမျဉ်းကြောင်းလေးဖြစ်နေတာတွေ့ ရမယ်။

ဖုန်းနောက်ပိုင်း က ပန်းသီးတဆိပ်ဆိုရင် အတုက ငွေရောင်ဖြစ်နေပြီး အစစ်က ပန်သီးပုံနေရာမှာ ဒေါ်လာငွေပေါ်မှာ ရိုက်ထားသလို့  အမဲရောင်ပြောင်လက်လက်အရောင်
ထွက်နေတာက ထူးခြားချက်ပေါ့ဗျာ။
ဖုန်းကိုဖွင့်လိုက်တာနဲ့  အတုဆိုရင် အဖြူအလင်းရောင်အားနည်းပြီး အလင်းမှိန်နေတာလား၊
အစစ်ကတော့ ထိလိုက်အခါမှာရောအမြန်အလုပ်လုပ်ပြီးအရောင်က လင်းလက်နေပါတယ်ဗျာ။

ဒီလောက်ပါဘဲ ကျုပ်ထက်သိတဲ့ ဆရာကြီးတွေလည်း ရှိမှာပေါ့

SAW