မသိတဲ့နံပါတ်အစိမ်း မစ်ကောလ်တွေ ဝင်လာရင် ပြန်မခေါ်ပါနဲ့



ရန်ကုန်၊ ဧပြီ ၂၇ -  ဖေ့စ်ဘုတ်ခ်ပေါ်မှာ ပျံ့နေတဲ့ သတင်းတွေအရ ၂၄ နဲ့ စတဲ့ ဖုန်းမစ်ကောလ်တွေကို ပြန်လည်ခေါ်ဆိုတဲ့ အခါ ဖုန်းထဲက ဖုန်းဘီလ်တွေ အလွန်အကျွံဖြတ်နေတယ်လို့ ဆိုပါတယ်။
အမ်ပီတီဖုန်း သုံးစွဲသူအများစုမှာ ဖြစ်နေတဲ့ ပြဿနာ ဖြစ်ပါ တယ်။

ဖုန်းအဝင်ကောလ် မဟုတ်ဘဲ မစ်ကောလ်လိုပုံစံမျိုးနဲ့ ဝင်လာတာကြောင့် ပြန်လည်ခေါ်ဆိုတဲ့ အချိန်မှာ ringtune သံတွေပဲ မြည်နေပြီး ဖုန်းဘီလ်တွေ အလိုလိုကုန်သွားတယ်လို့ သတင်းတွေ ထွက်ရှိနေပါတယ်။
“ဒီလိုဖုန်းနံပါတ်တွေန့တိုင်း ဝင်တယ်၊ ဘလော့ဂ်လုပ်တာ ငါးလုံးရှိပြီ၊ နိုင်ငံခြားကောလ်လဲ ဝင်စရာမရှိ၊ ဘီလ်ပြန်စစ်ကြည့်တော့ ဖြတ်ဖြတ်သွားတယ်”ဆိုပြီး ဖေ့စ်ဘုတ်ခ်ပေါ်မှာ သုံးစွဲသူတစ်ဦးက တင်ထားပါတယ်။
နည်းပညာရှင်တစ်ဦးရဲ့အဆို အရ ID charger app တစ်မျိုးနဲ့  နှောင့်ယှက်တာဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။

“အဲဒီလို မစ်ကောလ်ကတော့ မကြုံဖူးဘူး၊ လွန်ခဲ့တဲ့နှစ်ကဆိုရင် လူတစ်ယောက်က အွန်လိုင်းပေါ် ကနေ ဖုန်းဘီလ်ကံစမ်းမဲဖောက် ပေးမယ်ဆိုပြီး ကုဒ်နံပါတ်တွေနဲ့ မက်ဆေ့ခ်ျပို့ခိုင်းတယ်၊ လူတွေက ဖုန်းဘီလ်ရမယ်ထင်ပြီး သူပို့ခိုင်း တဲ့ ကုဒ်နဲ့ မက်ဆေ့ခ်ျတွေ ပို့ကြတာပေါ့၊ အဲဒီကနေ ဘီလ်တွေ အများကြီးဖြတ်တာ၊ အဲလူကတော့ တစ် ရက်တည်းနဲ့ ဖုန်းဘီလ် ၅၀ဝ,ဝ၀ဝ လောက်ရသွားတယ်၊ အဲဒီလို ကုဒ်တွေနဲ့ မက်ဆေ့ခ်ျလဲမပို့နဲ့ ပြန်လဲမခေါ်ပါနဲ့”လို့ ပြည်တွင်းနည်းပညာရှင် ကိုဝေယံက ဆိုပါတယ်။

Author မေဘယ်လ်

Credit: kumudranews.com