ကုိယ့္ Facebook အေကာင့္ အဟက္ခံရတဲ့အခါ ဘာေတြလုပ္ရမလဲ??


ကၽြန္ေတာ္တို႔ ေန႔တုိင္းအသံုးျပဳေနရတဲ့ Facebook အေကာင့္သာ တစ္စံုတစ္ေယာက္ရဲ႕ ခိုးယူျခင္းကို ခံလုိက္ရတဲ့အခါ ေတာ္ေတာ္မ်ားမ်ားက ေျခမကိုင္မိ လက္မကုိင္မိျဖစ္တတ္ၾကပါတယ္။ အကယ္လုိ႔မ်ား သင္အျမတ္တႏိုးထားရတဲ့ Facebook အေကာင့္ အဟက္ခံရတဲ့အခါ အခ်ိန္မီျပန္ယူႏိုင္ၿပီး ၊ ကိုယ့္အေကာင့္လံုျခံဳေရးကို ေတာ္ရံုလူေတြဟက္မရေအာင္ ခုိင္ခုိင္မာမာတည္ေဆာက္ထားႏုိင္မယ့္ Tips နဲ႔ Tricks ေတြကို အခရာပရိသတ္ေတြအတြက္ ေဖာ္ျပေပးလုိက္ရပါတယ္။

ကိုယ့္အေကာင့္ကို သူမ်ားဟက္သြားေၾကာင္း ဘယ္လုိသိႏုိင္မလဲ

သင့္အေနနဲ႔ သင့္ Facebook အေကာင့္ထဲမွာ မူမမွန္တဲ့ ပံုစံမ်ိဳးေတြ ေတြ႕လာရတဲ့အခါ ၊ သင့္အေနနဲ႔ Facebook ရဲ႕ Setting ထဲကို သြားၿပီး ဘယ္သူ ကိုယ့္အေကာင့္ထဲဝင္ေနတယ္ဆိုတာကို သြားၾကည့္လို႔ရပါတယ္။ ကိုယ့္ Facebook ထဲက နာမည္ ၊ ေမြးေန႔ ၊ Email နဲ႔ Password ေတြကုိ ေျပာင္းသြားတာမ်ိဳးေတြ ၊ ကုိယ္မသိတဲ့ Friend ေတြကို Request နဲ႔ Message ေတြ ေလွ်ာက္ပုိ႔တာမ်ိဳးေတြျဖစ္လာရင္ေတာ့ စိုးရိမ္ေရမွတ္ကို ေရာက္ေနပါၿပီ။

ဒီလိုျဖစ္လာတဲ့အခါ သင့္အေနနဲ႔ Facebook ရဲ႕ Setting ထဲက Security>>Where You’re Logged In စာမ်က္ႏွာကို သြားေရာက္ၿပီး ကုိယ့္အေကာင့္ကို အခ်ိန္နဲ႔ ေနရာ အတိအက်နဲ႔ ဘယ္ Device ကေန ဝင္သံုးသြားတယ္ဆိုတာကုိ အေသးစိတ္ၾကည့္ရႈႏိုင္ပါလိမ့္မယ္။ တစ္ခ်ိဳ႕ေသာ ဟက္ကာေတြကေတာ့ VPN ေက်ာ္ၿပီး Location ကို လိမ္ထားတတ္ပါတယ္။ အဲ့ဒီထဲကမွ ကုိယ္မဟုတ္တဲ့ Acitivities ေတြကို End Activity ျပဳလုပ္လုိက္ပါ။ Android ဖုန္းမွာေတာ့ အမွားလကၡဏာ (Remove Button) ေလးကို ႏွိပ္လုိက္ရံုနဲ႔ ရပါတယ္။ အဲ့လိုျပဳလုပ္လိုက္ျခင္းအားျဖင့္ေတာ့ ကိုယ့္အေကာင့္ထဲဝင္ထားတဲ့ တစ္ျခားတစ္ေယာက္ကေတာ့ အေကာင့္ထဲကေန ခဏ Logged Out ျဖစ္သြားမွာပါ။

Facebook ကို အကူအညီေတာင္းမယ္

အေပၚက အဆင့္ေတြကို ျပဳလုပ္ၿပီးတဲ့အခါမွာေတာ့ သင့္အေနနဲ႔ ကိုယ့္အေကာင့္သူမ်ားလက္ထဲပါမသြားဖုိ႔အတြက္ Facebook ရဲ႕ အကူအညီနဲ႔ အေကာင့္ကို ျပန္ဆယ္ရပါမယ္။

Facebook ရဲ႕ Help Page ကို သြားေရာက္ပါ။ ၿပီးေတာ့ I think my account was hacked or someone is using it without my permission ဆိုတဲ့ အကူအညီေတာင္းခံခ်က္ကို လုိက္ရွာၿပီး ကလစ္လုပ္ပါ။ တိုက္ရုိက္လင့္ခ္အေနနဲ႔ကေတာ့ ဒီေနရာကုိႏွိပ္ၿပီး သြားေရာက္လုိ႔ရပါတယ္။

ၿပီးရင္ေတာ့ အဲ့ထဲက Secure Your Account ကို ႏွိပ္ၿပီး Facebook နဲ႔အတူ အဟက္ခံေနရတဲ့ အေကာင့္ကို လြယ္ကူတဲ့နည္းလမ္းေတြနဲ႔ ျပန္လည္ကာကြယ္ႏုိင္မွာျဖစ္ပါတယ္။

ကုိယ့္အေကာင့္ရဲ႕ လံုျခံဳေရးကို အဆင့္ျပန္ျမွင့္မယ္

အေပၚက အဆင့္ေတြျပဳလုပ္ၿပီးရင္ေတာ့ ကို္ယ့္လက္ထဲမွာ ကိုယ့္အေကာင့္ကို ျပန္လည္ရရွိေနပါၿပီ။ အဲ့အခါက်ရင္ေတာ့ ကုိယ့္ဘက္က အေကာင့္လံုျခံဳေရးကို ထပ္မေဖာက္လာႏုိင္ေတာ့ေအာင္ လံုျခံဳေရး အဆင့္ျမွင့္တင္မႈလုပ္ပါမယ္။ Facebook ကေတာ့ အေကာင့္လံုျခံဳေရးေတြအတြက္ လုပ္ေဆာင္ခ်က္ေတြကို ေသခ်ာထည့္ေပးထားပါတယ္။ ဒီလုပ္ေဆာင္ခ်က္ေတြကိုေတာ့ Account Setting >> Security ထဲမွာ ရွာၾကည့္လို႔ရပါတယ္။ အဲ့လုပ္ေဆာင္ခ်က္ေလးေတြကို ကၽြန္ေတာ္နဲ႔အတူ တစ္ခ်က္ေလာက္လုိက္သံုးၾကည့္ၿပီး အေကာင့္လံုျခံဳေရးကို ေတာ္ရံုတန္ရံုနဲ႔ ေဖာက္မရေအာင္ ကာကြယ္လုိက္ရေအာင္..
ပထမဆံုးအေနနဲ႔ Account Setting ထဲက Security ထဲကို သြားၿပီး Login Alert ကို ဖြင့္ပါမယ္။ Alert ကိုေတာ့ Notification နဲ႔ေရာ ၊ Email နဲ႔ပါယူလုိ႔ရပါတယ္။ Alert ဖြင့္ထားျခင္းအားျဖင့္ သင္မဟုတ္တဲ့ တစ္ျခားတစ္ေယာက္ တစ္ျခား Browser ေတြ ၊ Device ေတြကေန ဝင္လာတဲ့အခါ သင့္ကို ေစာလ်င္စြာ သိရွိေစမွာပါ။
ၿပီးရင္ေတာ့ Login Alert ေအာက္က Login Approvals ကို ဖြင့္ေပးရမွာပါ။ Login Approval ကို ဖြင့္ထားျခင္းအားျဖင့္ သင့္အေကာင့္ကို ေနရာသစ္တစ္ခုကေနတစ္ခါဝင္တိုင္း Code ေတာင္းမွာပါ။ Code ကိုေတာ့ ကိုယ့္ရဲ႕ ဖုန္းနံပါတ္နဲ႔ ျဖစ္ျဖစ္ Email နဲ႔ပဲျဖစ္ျဖစ္ လက္ခံရရွိႏို္င္မွာျဖစ္ပါတယ္။
ေနာက္တစ္ခ်က္ကေတာ့ App Passwords ကို အသံုးျပဳၿပီး ကုိယ့္ Facebook အေကာင့္ရဲ႕ Password ကို ကာကြယ္ထားမွာပါ။ App Passwords ဆိုတာကေတာ့ Facebook မဟုတ္တဲ့ တစ္ျခားေသာ Third-Party Apps ေတြကို ဝင္တဲ့အခါမွာ Facebook ကေန Auto-Generate ျပဳလုပ္ေပးတဲ့ Password ေတြျဖစ္ပါတယ္။ ဒါ့ေၾကာင့္ သင့္အေနနဲ႔ Skype လိုမ်ိဳး အျပင္ App တစ္ခုကို FB နဲ႔ Log-In ဝင္တဲ့အခါ ဒီ App Passwords နဲ႔ ဝင္သြားမွာျဖစ္ပါတယ္။ App Password မွာေတာ့ ကိုယ့္ Facebook ရဲ႕ Password နဲ႔ မဝင္လိုတဲ့ App နာမည္ကို ထည့္ထားရံုနဲ႔ အသံုးျပဳႏို္င္ပါတယ္။
ေနာက္ထပ္ စိတ္အခ်ရဆံုးလုပ္ေဆာင္ခ်က္ကေတာ့ Trusted Contacts ေတြကို ထည့္ထားတာပဲျဖစ္ပါတယ္။ သင့္ရဲ႕ အရင္းႏွီးဆံုးသူငယ္ခ်င္းတစ္ခ်ိဳ႕နဲ႔ မိသားစုဝင္ေတြကို Trusted Contact ထဲကို ထည့္ထားျခင္းအားျဖင့္ သင့္အေကာင့္ကို တစ္စံုတစ္ေယာက္က ခုိးယူဖို႔ ၾကိဳးစားတဲ့အခါ သူတို႔ဆီကေန အကူအညီျပန္ရႏို္င္မွာျဖစ္ပါတယ္။ ကိုယ့္အေကာင့္ထဲကို Log In ျပန္လည္ဝင္ေရာက္ဖို႔အတြက္ Trusted Contact ထဲက လူေတြဆီကို Facebook က Security Code အသီးသီး ပို႔ေပးသြားမွာျဖစ္ၿပီး အဲ့ထဲက သံုးခုကိုသင္က သိသြားရံုနဲ႔ ကုိယ့္အေကာင့္ကို ျပန္လည္ထိန္းခ်ဳပ္သြားႏို္င္မွာျဖစ္ပါတယ္။

ေနာက္ထပ္ အခ်က္ေလးေတြအေနနဲ႔ေတာ့ ကုိယ္ Approval ခံထားတဲ့ ဖုန္းနံပါတ္နဲ႔ Email ေတြကို Only Me ျပဳလုပ္ထားၿပီး ဘယ္သူမွမသိေအာင္ လုပ္ထားတာက အေကာင္းဆံုးျဖစ္သလို ကိုယ့္အေကာင့္အတြက္ ID တင္ထားတာကလည္း အေကာင့္မွာ ေပၚေပါက္လာတဲ့ျပႆနာတိုင္းအတြက္ အေထာက္အကူျဖစ္ေစႏုိင္ပါတယ္။ ဟက္ကာက ကုိယ့္အေကာင့္တစ္ခုလံုးကို စိတ္ၾကိဳက္ျခယ္လွယ္ခြင့္ရသြားရင္ေတာင္ Account ID နဲ႔ Lock ခ်ထားႏုိင္တာေၾကာင့္ Account ID ကလည္း မျဖစ္မေနတင္ထားဖုိ႔ လိုအပ္ပါတယ္။

ဒါ့ေၾကာင့္ အခရာပရိသတ္ေတြအေနနဲ႔လည္း အေၾကာင္းေၾကာင္းေၾကာင့္ ကိုယ့္ရဲ႕ Facebook အေကာင့္မွာ လံုျခံဳေရးျပႆနာေလးေတြၾကံဳလာရတဲ့အခါ ဒီအခ်က္ေလးေတြကို လုိက္နာၿပီး ကိုယ့္အေကာင့္ကို Secure ျဖစ္ေအာင္ ျပဳလုပ္လုိ႔ရႏို္င္မွာျဖစ္ပါတယ္။
Paing A K (akhayar)
Ref : CNet, Digital Trends, Facebook Help

===========================
[Unicode]
ကိုယ့် Facebook အကောင့် အဟက်ခံရတဲ့အခါ ဘာတွေလုပ်ရမလဲ??




ကျွန်တော်တို့ နေ့တိုင်းအသုံးပြုနေရတဲ့ Facebook အကောင့်သာ တစ်စုံတစ်ယောက်ရဲ့ ခိုးယူခြင်းကို ခံလိုက်ရတဲ့အခါ တော်တော်များများက ခြေမကိုင်မိ လက်မကိုင်မိဖြစ်တတ်ကြပါတယ်။ အကယ်လို့များ သင်အမြတ်တနိုးထားရတဲ့ Facebook အကောင့် အဟက်ခံရတဲ့အခါ အချိန်မီပြန်ယူနိုင်ပြီး ၊ ကိုယ့်အကောင့်လုံခြုံရေးကို တော်ရုံလူတွေဟက်မရအောင် ခိုင်ခိုင်မာမာတည်ဆောက်ထားနိုင်မယ့် Tips နဲ့ Tricks တွေကို အခရာပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ရပါတယ်။

ကိုယ့်အကောင့်ကို သူများဟက်သွားကြောင်း ဘယ်လိုသိနိုင်မလဲ

သင့်အနေနဲ့ သင့် Facebook အကောင့်ထဲမှာ မူမမှန်တဲ့ ပုံစံမျိုးတွေ တွေ့လာရတဲ့အခါ ၊ သင့်အနေနဲ့ Facebook ရဲ့ Setting ထဲကို သွားပြီး ဘယ်သူ ကိုယ့်အကောင့်ထဲဝင်နေတယ်ဆိုတာကို သွားကြည့်လို့ရပါတယ်။ ကိုယ့် Facebook ထဲက နာမည် ၊ မွေးနေ့ ၊ Email နဲ့ Password တွေကို ပြောင်းသွားတာမျိုးတွေ ၊ ကိုယ်မသိတဲ့ Friend တွေကို Request နဲ့ Message တွေ လျှောက်ပို့တာမျိုးတွေဖြစ်လာရင်တော့ စိုးရိမ်ရေမှတ်ကို ရောက်နေပါပြီ။

ဒီလိုဖြစ်လာတဲ့အခါ သင့်အနေနဲ့ Facebook ရဲ့ Setting ထဲက Security>>Where You’re Logged In စာမျက်နှာကို သွားရောက်ပြီး ကိုယ့်အကောင့်ကို အချိန်နဲ့ နေရာ အတိအကျနဲ့ ဘယ် Device ကနေ ဝင်သုံးသွားတယ်ဆိုတာကို အသေးစိတ်ကြည့်ရှုနိုင်ပါလိမ့်မယ်။ တစ်ချို့သော ဟက်ကာတွေကတော့ VPN ကျော်ပြီး Location ကို လိမ်ထားတတ်ပါတယ်။ အဲ့ဒီထဲကမှ ကိုယ်မဟုတ်တဲ့ Acitivities တွေကို End Activity ပြုလုပ်လိုက်ပါ။ Android ဖုန်းမှာတော့ အမှားလက္ခဏာ (Remove Button) လေးကို နှိပ်လိုက်ရုံနဲ့ ရပါတယ်။ အဲ့လိုပြုလုပ်လိုက်ခြင်းအားဖြင့်တော့ ကိုယ့်အကောင့်ထဲဝင်ထားတဲ့ တစ်ခြားတစ်ယောက်ကတော့ အကောင့်ထဲကနေ ခဏ Logged Out ဖြစ်သွားမှာပါ။


Facebook ကို အကူအညီတောင်းမယ်

အပေါ်က အဆင့်တွေကို ပြုလုပ်ပြီးတဲ့အခါမှာတော့ သင့်အနေနဲ့ ကိုယ့်အကောင့်သူများလက်ထဲပါမသွားဖို့အတွက် Facebook ရဲ့ အကူအညီနဲ့ အကောင့်ကို ပြန်ဆယ်ရပါမယ်။

Facebook ရဲ့ Help Page ကို သွားရောက်ပါ။ ပြီးတော့ I think my account was hacked or someone is using it without my permission ဆိုတဲ့ အကူအညီတောင်းခံချက်ကို လိုက်ရှာပြီး ကလစ်လုပ်ပါ။ တိုက်ရိုက်လင့်ခ်အနေနဲ့ကတော့ ဒီနေရာကိုနှိပ်ပြီး သွားရောက်လို့ရပါတယ်။

ပြီးရင်တော့ အဲ့ထဲက Secure Your Account ကို နှိပ်ပြီး Facebook နဲ့အတူ အဟက်ခံနေရတဲ့ အကောင့်ကို လွယ်ကူတဲ့နည်းလမ်းတွေနဲ့ ပြန်လည်ကာကွယ်နိုင်မှာဖြစ်ပါတယ်။


ကိုယ့်အကောင့်ရဲ့ လုံခြုံရေးကို အဆင့်ပြန်မြှင့်မယ်

အပေါ်က အဆင့်တွေပြုလုပ်ပြီးရင်တော့ ကိုယ့်လက်ထဲမှာ ကိုယ့်အကောင့်ကို ပြန်လည်ရရှိနေပါပြီ။ အဲ့အခါကျရင်တော့ ကိုယ့်ဘက်က အကောင့်လုံခြုံရေးကို ထပ်မဖောက်လာနိုင်တော့အောင် လုံခြံုရေး အဆင့်မြှင့်တင်မှုလုပ်ပါမယ်။ Facebook ကတော့ အကောင့်လုံခြံုရေးတွေအတွက် လုပ်ဆောင်ချက်တွေကို သေချာထည့်ပေးထားပါတယ်။ ဒီလုပ်ဆောင်ချက်တွေကိုတော့ Account Setting >> Security ထဲမှာ ရှာကြည့်လို့ရပါတယ်။ အဲ့လုပ်ဆောင်ချက်လေးတွေကို ကျွန်တော်နဲ့အတူ တစ်ချက်လောက်လိုက်သုံးကြည့်ပြီး အကောင့်လုံခြံုရေးကို တော်ရုံတန်ရုံနဲ့ ဖောက်မရအောင် ကာကွယ်လိုက်ရအောင်..
ပထမဆုံးအနေနဲ့ Account Setting ထဲက Security ထဲကို သွားပြီး Login Alert ကို ဖွင့်ပါမယ်။ Alert ကိုတော့ Notification နဲ့ရော ၊ Email နဲ့ပါယူလို့ရပါတယ်။ Alert ဖွင့်ထားခြင်းအားဖြင့် သင်မဟုတ်တဲ့ တစ်ခြားတစ်ယောက် တစ်ခြား Browser တွေ ၊ Device တွေကနေ ဝင်လာတဲ့အခါ သင့်ကို စောလျင်စွာ သိရှိစေမှာပါ။
ပြီးရင်တော့ Login Alert အောက်က Login Approvals ကို ဖွင့်ပေးရမှာပါ။ Login Approval ကို ဖွင့်ထားခြင်းအားဖြင့် သင့်အကောင့်ကို နေရာသစ်တစ်ခုကနေတစ်ခါဝင်တိုင်း Code တောင်းမှာပါ။ Code ကိုတော့ ကိုယ့်ရဲ့ ဖုန်းနံပါတ်နဲ့ ဖြစ်ဖြစ် Email နဲ့ပဲဖြစ်ဖြစ် လက်ခံရရှိနိုင်မှာဖြစ်ပါတယ်။
နောက်တစ်ချက်ကတော့ App Passwords ကို အသုံးပြုပြီး ကိုယ့် Facebook အကောင့်ရဲ့ Password ကို ကာကွယ်ထားမှာပါ။ App Passwords ဆိုတာကတော့ Facebook မဟုတ်တဲ့ တစ်ခြားသော Third-Party Apps တွေကို ဝင်တဲ့အခါမှာ Facebook ကနေ Auto-Generate ပြုလုပ်ပေးတဲ့ Password တွေဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ Skype လိုမျိုး အပြင် App တစ်ခုကို FB နဲ့ Log-In ဝင်တဲ့အခါ ဒီ App Passwords နဲ့ ဝင်သွားမှာဖြစ်ပါတယ်။ App Password မှာတော့ ကိုယ့် Facebook ရဲ့ Password နဲ့ မဝင်လိုတဲ့ App နာမည်ကို ထည့်ထားရုံနဲ့ အသုံးပြုနိုင်ပါတယ်။
နောက်ထပ် စိတ်အချရဆုံးလုပ်ဆောင်ချက်ကတော့ Trusted Contacts တွေကို ထည့်ထားတာပဲဖြစ်ပါတယ်။ သင့်ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းတစ်ချို့နဲ့ မိသားစုဝင်တွေကို Trusted Contact ထဲကို ထည့်ထားခြင်းအားဖြင့် သင့်အကောင့်ကို တစ်စုံတစ်ယောက်က ခိုးယူဖို့ ကြိုးစားတဲ့အခါ သူတို့ဆီကနေ အကူအညီပြန်ရနိုင်မှာဖြစ်ပါတယ်။ ကိုယ့်အကောင့်ထဲကို Log In ပြန်လည်ဝင်ရောက်ဖို့အတွက် Trusted Contact ထဲက လူတွေဆီကို Facebook က Security Code အသီးသီး ပို့ပေးသွားမှာဖြစ်ပြီး အဲ့ထဲက သုံးခုကိုသင်က သိသွားရုံနဲ့ ကိုယ့်အကောင့်ကို ပြန်လည်ထိန်းချုပ်သွားနိုင်မှာဖြစ်ပါတယ်။

နောက်ထပ် အချက်လေးတွေအနေနဲ့တော့ ကိုယ် Approval ခံထားတဲ့ ဖုန်းနံပါတ်နဲ့ Email တွေကို Only Me ပြုလုပ်ထားပြီး ဘယ်သူမှမသိအောင် လုပ်ထားတာက အကောင်းဆုံးဖြစ်သလို ကိုယ့်အကောင့်အတွက် ID တင်ထားတာကလည်း အကောင့်မှာ ပေါ်ပေါက်လာတဲ့ပြဿနာတိုင်းအတွက် အထောက်အကူဖြစ်စေနိုင်ပါတယ်။ ဟက်ကာက ကိုယ့်အကောင့်တစ်ခုလုံးကို စိတ်ကြိုက်ခြယ်လှယ်ခွင့်ရသွားရင်တောင် Account ID နဲ့ Lock ချထားနိုင်တာကြောင့် Account ID ကလည်း မဖြစ်မနေတင်ထားဖို့ လိုအပ်ပါတယ်။

ဒါ့ကြောင့် အခရာပရိသတ်တွေအနေနဲ့လည်း အကြောင်းကြောင်းကြောင့် ကိုယ့်ရဲ့ Facebook အကောင့်မှာ လုံခြုံရေးပြဿနာလေးတွေကြံုလာရတဲ့အခါ ဒီအချက်လေးတွေကို လိုက်နာပြီး ကိုယ့်အကောင့်ကို Secure ဖြစ်အောင် ပြုလုပ်လို့ရနိုင်မှာဖြစ်ပါတယ်။
Paing A K (akhayar)
Ref : CNet, Digital Trends, Facebook Help