ဈေးနှုန်းသင့်အကောင်းဆုံး ဒရုန်း ၄ မျိုး


ဒီနေ့ ခေတ် နည်းပညာလောကမှာ ဒရုန်းတွေရဲ့ အခန်းကဏ္ဍဟာ တွင်ကျယ်သထက် တွင်ကျယ်လာပါတယ်။ ဓါတ်ပုံရိုက်ဖို့ ပဲ ဖြစ်ဖြစ် ၊ အဝေးတစ်နေရာရာကို ပစ္စည်းပို့ ဆောင်ပို့ ပဲ ဖြစ်ဖြစ် ရည်ရွယ်ချက်မျိုးစုံနဲ့ ဘက်စုံသုံးလို့ ရတဲ့ ဒရုန်းတွေ ပေါ်ထွက်လာပါတယ်။ ဒရုန်းတွေဟာ အမျိုးအစားနဲ့ functions စုံလင်မှုပေါ် မူတည်ပြီး ဈေးနှုန်းကွာခြားချက်မြင့်မားလှပါတယ်။ ဒီတစ်ခါမှာတော့ ဒရုန်းကောင်းကောင်းတစ်စင်းကို ဈေးနှုန်းအသင့်အတင့်နဲ့ ဝယ်လို့ ရမယ့် ဒရုန်းများအကြောင်း ရွေးချယ်ဖော်ပြလိုက်ပါတယ်။

(၁) SYMA X5C
ကစားစရာဒရုန်းလို့ လူသိများတဲ့ ဒရုန်းတစ်မျိုးကတော့ SYMA X5C အမှတ်တံဆိပ် ဒရုန်းပါ။ ဈေးနှုန်းကတော့ ဒေါ်လာ ၅၀ ဝန်းကျင် (မြန်မာငွေ ၆ သောင်းခွဲလောက် ) နဲ့ ဝယ်နိုင်တာဖြစ်လို့ ဈေးနှုန်းက တော်တော်လေးကို ချိုသာပါတယ်။ ပျံသန်းချိန် ၆ မိနစ်ဝန်းကျင်လောက် လေပေါ် ပျံသန်းနိုင်ပြီး မီတာ ၅၀ ကနေ ၁၀၀ ပတ်ပတ်လည် ပျံသန်းနိုင်ပါတယ်။ ကင်မရာတစ်လုံးပါဝင်တဲ့ ဒီဒရုန်းအတွက် ဘက်ထရီအပို တစ်ခုတော့ ဆောင်ထားဖို့ အကြံပြုချင်ပါတယ်။

(၂) JXD 509W
ဒေါ်လာ ၁၀၀ ဝန်းကျင်တန် ဒရုန်းလေးဖြစ်ပြီး ဝိုင်ဖိုင်နဲ့ ချိတ်ဆက်နိုင်တာက ထူးခြားပါတယ်။ JXD ကနေ ထုတ်တဲ့ ယခုဒရုန်းကိုမှ JXD 509G ဆိုပြီး ဗားရှင်းသစ် ထွက်ထားပါတယ်။ မတူတာက Wi-Fi feature ပါမပါ ဆိုတဲ့ အချက်ပါပဲ။ နောက်တစ်ခုက 509W စီးရီးမှာတော့ စမတ်ဖုန်းကနေ screen လုပ်ပြီး ပျံသန်းတာ ကြည့်နိုင်ပြီး 509G ဗားရှင်းမှာတော့ ကိုယ်ပိုင် screen နဲ့ လာတာ ဖြစ်ပါတယ်။ ဒလက်တွေကတော့ ပလတ်စတစ်နဲ့ ထုတ်ထားတာပါ။ 0.3 MP ကင်မရာပါရှိပြီး ပျံသန်းချိန် ၆ မိနစ်နှုန်းနဲ့ မီတာ ၅၀ ကနေ ၇၀ ကြား ပျံသန်းနိုင်ပါတယ်။

(၃) MJX X400
မြန်မာငွေ ၁ သိန်း ၂ သောင်းလောက်ပဲ ရှိတဲ့ ဒရုန်းဖြစ်ပါတယ်။ ၉ မိနစ် ပျံသန်းနိုင်ပြီး မီတာပေါင်း ရာနဲ့ ချီပြီး ပျံသန်းနိုင်ပါတယ်။ ပျံသန်းချိန်မှာလည်း ငြိမ်ငြိမ်သက်သက် ပျံသန်းနိုင်ပြီး ဓါတ်ပုံကောင်းကောင်း ရိုက်ကူးနိုင်သလို သုံရတာ လည်း အဆင်ပြေပါတယ်။ အပျံထိန်းချုပ်တဲ့ flight control စနစ်ကတော့ နောက်ဆုံးထွက် 6-axis Gyno system ကို သုံးထားတာပါ။ ဒါတင်မကဘဲ Wi-Fi ၊ ကင်မရာ အပြင် ခလုတ်အစုံအလင်လည်း သုံထားပါတယ်။

(၄) Parrrot Drone 2.0
ယခု ဒရုန်းလေးကတော့ ဈေးအချိုဆုံး ဒရုန်းများ လေးမျိုးထဲမှာ ဈေးအမြောက်ဆုံး ဒရုန်းလေးပါ။ ဒေါ်လာ ၂၀၀ ကျော် (မြန်မာငွေ ၂ သိန်း ၇ သောင်းကျော်) ပေးရပေမယ့် ဈေးကွက်ထဲမှာ သုံးနေတဲ့ features အစုံအလင်ကို သုံးနိုင်တဲ့ ဒရုန်းတစ်မျိုး ဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းမှာလည်း ယခုပြောခဲ့တဲ့ ဒရုန်းတွေထဲမှာ အလန်းဆုံးလို့ ဆိုရမှာပါ။ Parrot Drone 2.0 မှာ သဲ ဒီဇိုင်း ၊ နှင်း ဒီဇိုင်းနဲ့ တောတွင်း ဒီဇိုင်းဆိုပြီး ဗားရှင်း သုံးမျိုးနဲ့ လာပါတယ်။ စမတ်ဖုန်းနဲ့ ထိန်းချုပ်ပျံသန်းနိုင်ပြီး HD camera တစ်လုံး တစ်ခါတည်း ပါဝင်ပါတယ်။ ပျံသန်းချိန် ၁၀ မိနစ်အထိ ကြာအောင် ပျံနိုင်ပြီး မီတာ ၁၀၀ ဝန်းကျင်ပျံသန်းနိုင်ပါတယ်။
Credt: duwun.com.mm