ဆမ်ဆောင်း S8 မှာ ဖြစ်နေတဲ့ အယ်ရာမက်ဆေ့ခ်ျပြတာတွေကို ဘယ်လိုဖြေရှင်းမလဲ



ရန်ကုန်၊ ဧပြီ ၃၀ – ဆမ်ဆောင်း S8 သုံးစွဲသူတွေ လက်တလောရင်ဆိုင်နေရတဲ့ အယ်ရာမက်ဆေ့ခ်ျပြတဲ့ ပြဿနာဖြေရှင်းနည်းကို ဖော်ပြလိုက်ပါတယ်။ Andrioda-uthority ကောက်နုတ်ထားတာ ဖြစ်ပါတယ်။

ဆမ်ဆောင်း S8 plus နဲ့ S8 plus နှစ်မျိုးလုံး မှာ အပ်ဒိတ်လုပ်တဲ့ အခါ ဖြစ်တတ်တဲ့ ပြဿနာဖြစ်ပါတယ်။ သုံးစွဲသူအများစုအနေနဲ့ ဝိုင်ဖိုင် ကော်နက်ရှင် ချိတ်ဆက်လိုက်တာနဲ့ “DQA keeps stopping (Close App) ဆိုတဲ့ စာတိုမက်ဆေ့ခ်ျကို ထပ်ခါ ထပ် ခါ ပြ နေတာ ဖြစ်ပါတယ်။

အဲသည်လို မက်ဆေ့ခ်ျပြတာနဲ့ အောက်ပါ အတိုင်း ဖြေရှင်းပါ။ ဖုန်းကို restart သို့ reboot လုပ်ပါ။ မှတ်ချက်အနေ နဲ့ restart ကို သုံးကြိမ်၊ လေးကြိမ်ဆက်တိုက်လုပ်ပါ။ ဖုန်းကို ပါဝါ off လုပ်ပြီး  ပါဝါခလုတ်ကိုဖိထားပြီး အသံကျယ်တဲ့ ခလုတ်ကို တစ်ပြိုင်တည်းဖိထားပါ။ အန်းဒရွိုက် logo ပေါ်လာပြီး No command ဆိုတဲ့စာကို တွေ့ရင် ဖိထားတာကို လွှတ်လိုက်ပါ။

အသံအတိုးအကျယ် ခလုတ်ကို သုံးပြီး စာတွေကို   highlight ဖြစ်အောင်လုပ်ပါ။ “wipe cache partition ” ကို ရှာတွေ့ရင် ပါဝါခလုတ်ဖိပြီး ရေးပါ။ “Yes” ဆိုတဲ့ စာလုံး ကို highlight လုပ်ပြီး ပါဝါခလုတ်နဲ့ confirm လုပ်ပါ၊ ပြီးသွားရင် နောက်တစ် ကြိမ် reboot လုပ်ပါ။

ဖုန်းပွင့်လာရင် ဝိုင်ဖိုင်ကို ပိတ်ပါ။ DQA app ကနေထွက်ဖို့ ဖုန်းထဲရှိ Settings ထဲဝင်ပြီး Apps and tap the overflow menu ထဲမှာ ရှိတဲ့ “Show system apps’ locate DQA ကို နှိပ်ပါ။ ပြီး တာနဲ့ “Force stop”ကိုရွေးပါ။ ပြီးရင် DQA app ကို Install လုပ်ပါ။ ပြီးရင် Disable mode ပြောင်းထားပါ။


အယ်ရာခဏခဏတက်နေတဲ့ S8

ဆမ်ဆောင်းရဲ့ လက်ရှိမှာရေပန်းစားနေတဲ့ S8 နဲ့ S8  plus စမတ်ဖုန်းအသစ်တွေဟာ ဆိုရင် ထုတ်ကုန်ထွက်ပြီး တစ်လအတွင်းမှာပဲ ဆော့ဖ်ဝဲဟာ့ဒ်ဝဲပျက်တဲ့ ပြဿနာကို ကြုံနေရတာ ဖြစ်ပါတယ်။
အခုဆိုရင် အယ်ရာမက်ဆေ့ခ်ျတွေ ပြတဲ့ ဆော့ဖ်ဝဲပိုင်း ပြဿနာအပြင် ပြီးခဲ့တဲ့ ဧပြီ လ ၂၂ ရက်နေ့ကလည်း S8 ရဲ့ စခရင်မျက်နှာပြင်က အနီရောင်သန်းတဲ့ ပြဿနာပေါ် ပေါက်ခဲ့ပါတယ်။

အနီရောင်သန်းရခြင်း ပြဿနာနဲ့ နောက်အပတ်မှာ S8  client တွေကို ဆော့ဖ်ဝဲတွေကို အပ်ဒိတ်လုပ်ဖို့ ဆုံးဖြတ်ထားကြောင်း ဆမ်ဆောင်းရဲ့ ပြောရေးဆိုခွင့် ရှိသူက ပြောတယ်လို့  GSmarena ဘလော့ဂ်မှာ ဖော်ပြထားပါတယ်။

နောက်တစ်ချက်ကတော့ ဆမ်ဆောင်းရဲ့ နောက်ဆုံးထွက် Galaxy S8 မှာ ပါဝင်လာတဲ့အသံစေခိုင်းမှု နည်းပညာ Bixby မှာလည်းဟာ့ဒ်ဝဲပိုင်းမှာ ဘလော့ဂ် ဖြစ်နေတာကြောင့်  အပလီကေးရှင်းနဲ့ အစားထိုးသုံးရမယ့် ပြဿနာဖြစ်နေကြောင်း ဆမ်ဆောင်းရဲ့တွစ်တာ စာမျက်နှာမှာ ဖော်ပြထားပါတယ်။

Bixby ရဲ့ ဟာ့ဒ်ဝဲခလုတ်က ဘလော့ဂ် ဖြစ်နေတာကြောင့် XDA Developer အ ချို့ရဲ့  သုံးသပ်ချက်အရ S8 ဖုန်းကို စမ်းသပ်ခဲ့ရာမှာ ဖုန်းရဲ့ firmware တချို့က အယ် ရာ (error)လို ဖြစ်နေပြီး Bixby က လုပ် ဆောင်ချက်ပြဿနာရှိနေသေးပြီး သည် ဖီး ချားရဲ့ လုပ်ဆောင်ချက်က အပြည့်အစုံမရ သေးပါဘူးလို့ တင်ပြထားကြောင်း သိရပါတယ်။

ဆမ်ဆောင်းအနေနဲ့ သည်ပြဿနာတွေ ကြုံနေပေမဲ့လည်း S8 နဲ့ S8 plus တွေရဲ့  ရောင်းအားက ကျဆင်းသွားတာမျိုး မရှိ တဲ့အပြင် ဆက်လက်မြင့်တက် နေကြောင်း မိုဘိုင်းလ်ဈေးကွက် စစ်တမ်းရဲ့ ဖော်ပြချက်အရသိရပါတယ်။



Author – မေဘယ်လ်

ဓာတ်ပုံ- အေပီ

Credit: kumudranews.com