ဖုန်းရေစိုသွားတာကို အမြန်ဆုံး ရေခြောက်စေမယ့် ဆန်

မိုးရေစိုသွားတာမျိုး ဆိုင်မှာ တစ်ခုခုစားနေရင်း ဖုန်းပေါ် ရေဖိတ်သွားတာမျိုး အိမ်သာထဲ ဖုန်းသုံးရင်း ရေထဲ ပြုတ်ကျတာမျိုး ဘာပဲ ဖြစ်ဖြစ် ရေစိုသွားပြီဆိုရင် ဖုန်းကို အကောင်းအတိုင်း ပြန်ဖြစ်စေဖို့ အလွယ်ဆုံး နည်းလမ်းလေး ရှိပါတယ်။
1. ဖုန်းရေစိုပြီ ဆိုတာနဲ့ ချက်ချင်း ရေခြောက်အောင် သုတ်ပါ။ အဝတ်ပွပွနဲ့ အသာအယာ သုတ်ပေးရပါမယ်။
2. ဖုန်းကို Dryer သို့မဟုတ် ပန်ကာ ဖွင့်ပြီး လေနဲ့မှုတ်တာမျိုး မလုပ်သင့်ပါဘူး။ ဒါဟာ မှားယွင်းမှု တစ်ခုပါ။
3. ဖုန်းကို ရေခြောက်အောင် သုတ်ပြီးတာနဲ့ Power Off လုပ်လိုက်ပါ။ အိမ်က ဆန်အိုးထဲ ထည့်ထားလိုက်ပါ။
4. ခြောက်သွေ့နေတဲ့ ဆန်အိုးထဲမှာ ၂၄ နာရီကနေ ၃၆ အထိ ထားပြီးလျှင် ပြန်ထုတ်ပြီး Power ပြန်ဖွင့်လို့ရပါပြီ။
Credit By: MyTechMyanmar