အချိန်အကြာကြီး အားသွင်းပေမယ့် ဖုန်းအားမဝင်ရင်

ဖုန်းကို တစ်ညလုံးအားသွင်းထားတယ်။ ဒါပေမယ့် ဖုန်းအားက တစ်ဝက်တောင် မပြည့်ဘူး။ အားသွင်းလိုက်ရင်လည်း အကြာကြီးပဲ။ ဒီလိုမျိုးအဖြစ်တွေကို ခုချိန်ကစပြီး ရင်ဆိုင်စရာမလိုတော့ပါဘူး။ ဒီအချက်လေးတွေ လိုက်လုပ်ကြည့်မယ် ဆိုရင်ပေါ့။
1. နေရာပြောင်းပြီးအားသွင်းပါ။ 
အိပ်ခန်းထဲက ပလပ်ပေါက်နဲ့အားမဝင်ရင် အိမ်ရှေ့ဧည့်ခန်းက ပလပ်ပေါက်နဲ့ ပြောင်းသွင်းကြည့်ပါ။
2. ကြိုးကိုစစ်ဆေးပါ။ 
အားသွင်းကြိုးက ပေါက်ပြဲနေတာ ဝါယာတွေထွက်နေတာဆို အသစ်လဲပေးပါ။

3. အားသွင်းတဲ့ Adapter ခေါင်းကို စစ်ဆေးပါ။ 
တခါတလေမှာ ခေါင်းက အလုပ်မလုပ်တာလည်း ဖြစ်နိုင်ပါတယ်။
4. ဖုန်းပိတ်လိုက်ပါ။
ဖုန်းကိုပိတ်ပြီးအားသွင်းတာက ပို၍ အားဝင်မြန်ပါတယ်။
5. ခလုတ်ဖွင့်ပါ။ 
ပလပ်ထိုးထားပေမယ့် ခလုတ်မဖွင့်မိရင်လည်း အားမဝင်ပါဘူး။ ခလုတ်ဖွင့်ထားတာ သေချာအောင် စစ်ဆေးပါ။
Credit: MyTechMyanmar