သိုင်းပညာရှင်တစ်ဦးအဖြစ် ဂျက်လီနဲ့ အတူ တွဲဖက်သရုပ်ဆောင်သွားမယ့် ဂျက်မား

၂၄ မိနစ်စာ သရုပ်ဆောင်ထားပါတယ်။ တရုတ်ပြည်ရဲ့ အချမ်းသာဆုံး ဘီလျံနာတစ်ဦးဖြစ်သလို ထိုက်ကျိသိုင်းကို နှစ်ပေါင်း ၃၀ ကျော် လေ့ကျင့်လာခဲ့တဲ့ ဂျက်မားဟာ ကမ္ဘာကျော်ကွန်ဖူးအက်ရှင် မင်းသားဂျက်လီနဲ့ အတူ Gong Shou Dao ဆိုတဲ့ ရုပ်ရှင်ကားမှာ ပါဝင်သရုပ်ဆောင်တော့မှာပါ။ Gong Shou Dao ဆိုတဲ့ ရုပ်ရှင်ကားဟာ ကမ္ဘာကျော် နည်းပညာလုပ်ငန်းရှင် ဘီလျံနာတစ်ယောက်ကို ထိုက်ကျိမာစတာတစ်ယောက် အနေနဲ့ မြင်ရမယ့် ရှားရှားပါးပါး ရုပ်ရှင်ကားလို့ ဆိုရမှာပါ။
တရုတ်ပြည်မှာ မကြာခင် ရုံတင်တော့မယ့် ဒီကားမှာ ဒွန်နီယမ်းတို့ လို နာမည်ကြီးတရုတ်အက်ရှင်မင်းသားတွေလည်း ပါပြီး ဂျက်မားကတော့ ဒီကားမှာ ၂၄ မိနစ်စာ သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဂျက်မားလို ကမ္ဘာ့အဆင့် ချမ်းသာတဲ့ နည်းပညာသူကြွယ်တစ်ဦးအနေနဲ့ အခုလိုမျိုး ရုပ်ရှင်ကားတစ်ကားမှာ ထိုက်ကျိကစားပြီး သရုပ်ဆောင်မယ့် အဖြစ်ဟာ အများအဖို့ ထူးဆန်းကောင်း ထူးဆန်းနေပေမယ့် ဂျက်မားအတွက်တော့ ဒါဟာ အတော်လေး အဓိပ္ပါယ်ရှိနေပါတယ်။
တစ်ညတည်းနဲ့ ဒေါ်လာ ၂.၈ ဘီလျံ ရသွားတဲ့ Alibaba တည်ထောင်သူ: ကမ္ဘာမှာ ၁၄ ယောက်မြောက် အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်ပါတယ်။
တစ်ညတည်းနဲ့ ဒေါ်လာ ၂.၈ ဘီလျံ ရသွားတဲ့ Alibaba တည်ထောင်သူ
ကမ္ဘာမှာ ၁၄ ယောက်မြောက် အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်ပါတယ်။
Gong Shou Dao ရုပ်ရှင်မှာ ထိုက်ကျိမာစတာတစ်ဦးအနေနဲ့ သရုပ်ဆောင်ခဲ့တဲ့ ဂျက်မားရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ရိုးရာ ရှေးဟောင်းအလေ့အထကို ပြန်လည် မြှင့်တင်ရေးနဲ့ ဒါကို ကမ္ဘာကနေ သိရှိလိုက်နာစေရေး လို့ ဆိုပါတယ်။ ထိုက်ကျိဟာ တရုတ်ယဉ်ကျေးမှုအတွက် ဘယ်လောက်အထိ သြဇာသက်ဝင်ခဲ့တယ် ၊တရုတ်လူမှုဘဝနဲ့ ထိုက်ကျိဟာ ဘယ်လိုမျိုး ဆက်နွယ်နေတယ်ဆိုတဲ့ အချက်ကို ဒီရုပ်ရှင်ကားများ အသားပေး တင်ဆက်သွားမယ်လို့ ဆိုပါတယ်။ ဒီကားရဲ့ နမူနာကိုတော့ အောက်မှာ ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။
ဘဝတစ်လျှောက်လုံး တရုတ်ရိုးရာ ထိုက်ကျိကို စွဲစွဲမြဲမြဲ ကစားခဲ့သူ ဂျက်မားဟာ ထိုက်ကျိ ဒဿနကို စီးပွားရေးမှာပါ အသုံးချသူ ဖြစ်ပါတယ်။ အထူးသဖြင့် သူ့ ရဲ့ နာမည်ကျော် စကားတစ်ခွန်းဖြစ်တဲ့ “စိတ်ကို အေးဆေးတည်ငြိမ်အောင်ထားမှ လမ်းတွေ့ မယ်။ ပြီးတာနဲ့ ကိုယ့်ကိုယ်ကို ဟန်ချက်တည်လိုက်ပါ။ စီးပွားရေးဆိုတာ ပြိုင်ပွဲတစ်ရပ်ဖြစ်လို့ စိတ်တင်းကြပ်မနေဘဲ ပေါ့ပေါ့ပါးပါး ဝင်ပြိုင်လိုက်။
စီးပွားရေးဟာ စစ်တလင်းမဟုတ်လို့ သူသေ ကိုယ်နိုင်သဘော မဟုတ်ဘူး။ စီးပွားရေးမှာ ပြိုင်ဘက်သေရင် ကိုယ်လည်း မနိုင်ဘူး” ဆိုတဲ့ ဒဿဟာ နာမည်ကျော် ထိုက်ကျိရဲ့ အခြေခံ သဘောတရားလည်း ဖြစ်ပါတယ်။
စီးပွားရေးမှာ နည်းပညာအကြောင်း နားမလည်ခဲ့ပေမယ့် အာရှမှာ အချမ်းသာဆုံးနဲ့ ကမ္ဘာမှာ ၁၄ ယောက်မြောက် အချမ်းသာဆုံး ပုဂ္ဂိုလ် အဖြစ် သတ်မှတ်ခံရသူ ဂျက်မားအတွက်တော့ Gong Shou Dao ရုပ်ရှင်ဆိုတာ ဖျော်ဖြေရေးဆိုတာထက် အဓိပ္ပါယ်ပိုရှိနေမှာပါ။
Source: duwun